လမင်းတို့ငယ်ငယ် ကလေးအရွယ်ကထဲက
ဒီဘုရားကြီးရဲ့အရိပ်မှာကြီးပြင်းခဲ့ရတာပါ ။
လမ်းမလျှောက်တတ်ခင်ကတည်းက
ဖေဖေကကုန်းပိုးလို့တဖုံ မေမေကပွေ့ချီလို့တမျိုးနဲ့
ဘုရားကြီးရဲ့အရိပ်မှာ အေးချမ်းခဲ့ရဖူးပါတယ် ။
အရွယ်ရောက်လို့ မိသားစုတာဝန်ကို
ဖေဖေဆီကမျှဝေထမ်းရင်းနဲ့ ခုဆိုရင်
မွေးရပ်မြေနဲ့ဝေးခဲ့ရတာကြာပါပြီ ။
ဘယ်နေရာကိုပဲရောက်ရောက် ကျနော့် ရဲ့မွေးရပ်
အညာမြေကိုတော့မမေ့နိုင်ပါဘူး ။
ကလေးဘဝထဲက ခိုလုံခဲ့ရတဲ့ ဘုရားကြီးရဲ့
အေးမြတဲ့အရိပ်ကိုလဲ
သတိရလွမ်းဆွတ်မိပါတယ် ။
ဒါကြောင့်
ကျနော်တို့လို မွေးရပ်ကိုလွမ်းနေတဲ့
သူငယ်ချင်များနဲ့ အဝေးတနယ်က
မရောက်ဖူးတဲ့
သူငယ်ချင်းများပါ ဖူးမျှော်ကြည်ညိုခွင့်
ရအောင်ဒီပို့စ်လေးကို တင်လိုက်တာပါ ။
အားလုံးပဲကျေနပ် နှစ်သက်လိမ့်မယ်လို့မျှော်လင့် ပါတယ် ။
နောက်လဲ အလျင်းသင့်လျှင် သင့်သလို တင်ပြပေးသွားပါဦးမယ် ။
သူငယ်ချင်း အားလုံးကို ခင်မင်လျှက် ..........
မုံရွာသားလေး လမင်း
No comments:
Post a Comment