Friday, 15 June 2012

မလေးရှားရောက် နိုင်ငံခြားသားအလုပ်သမားဘဝ

              မလေးရှားရောက် နိုင်ငံခြားသားအလုပ်သမားတွေကတော့ လူမျိုးပေါင်းစုံ ၊ နိုင်ငံပေါင်းစုံပါပဲ မြန်မာ ၊ အင်ဒိုနီးရှား ၊ ဘင်္ဂလား ၊ ဗီယက်နမ် ၊ ထိုင်း ၊ ကမ္ဘောဒီးယား ၊ ဖိလစ်ပိုင် အစုံပါပဲ ။  ရောက်လာတယ်ဆိုကတဲက မျှော်လင့်ချက်ကိုယ်စီ အိပ်မက်လေးတွေကိုယ်စီနဲ့ပေါ့ ။ ဒီရောက်တော့ တချို့တွေလဲအဆင်ပြေကြပါရဲ့ တချို့တွေကြပြန်တော့လဲ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲလို့  ဒုက္ခတွေပင်လယ်ဝေကြရရှာတယ် ။ တချို့ဆို ဆီအုန်းခြံတွေ ၊ ရာဘာခြံတွေ မှာရောက်ကြရတယ် အလုပ်ကလဲပင်ပန်း ပင်ပန်းပေမယ့် လစာလေးကောင်းရင်တော့ တမျိုးပေါ့ ။ လစာလေးက မဖြစ်စလောက် လုပ်ရတော့နေပူကြဲကြဲမှာ အဲလိုမျိုးနေတွလဲ ရှိတာပေါ့

 ဆီအုန်းခြံအလုပ်သမားတဦး
ရေလုပ်ငန်းမှာရောက်ကြသူတွေ


 ဆီအုန်းခြံသမားတွေ


 ဆောက်လုပ်ရေးလုပ်ငန်း
 စိုက်ပြိုးရေး


       သူတို့တွေဆိုအလုပ်ကိုပင်ပင်ပန်ပန်း လုပ်ကြရတယ် လစာကောင်းကောင်းရတဲ့သူတွေရှိသလို ရင်းဂစ် (၇၅၀)   (၈၀၀) လောက်ပဲရတဲ့သူတွေလဲရှိပါတယ် ။ တချို့တွေဆိုလုပ်ငန်းခွင်မှာထိခိုက်မိရင်လဲ လုံးဝလျှော်ကျေးတွေ ခံစားခွင့်တွေ ဘာတခုမှမရရှကြပါဘူး ။ ကျနော့်သူငယ်ချင်းတယောက်ဆို ပေါင်မုန့် စက်ထဲလက်ပါသွားတာ လက်သန်းတခြောင်း နဲ့ လက်သူကြွယ်တခြောင်း လုံးဝပြတ်သွားတယ် ။ ဆေးတော့ကုပေးပါတယ် သူဌေးက လျှော်ကြေးတွေ ဘာတွေတော့ တပြားတချပ်မှမရပါဘူး ။ ဒါပေမယ့် သူကတော်သေးတယ်လို့ပြောရမှာပေါ့ တချို့သူဌေးတွေဆို အလုပ်မှာထိခိုက်မိလို့ ဆေးကုရရင်တောင် လကုန်တာနဲ့ ကုသစရိတ်တွေကို လစာထဲကနေပြန်ဖြတ်ကြတာ ။
          နေရတော့လဲ ၁၀ ပေပတ်လည်လောက်အခန်းလေးထဲမှာ ၅ ယောက် ၊ ၆ ယောက် ဖြစ်သလိုပဲ အိပ်ကြရတယ် ။ ကျနော်တို့ရောက်ကာစကဆို ၁၅ ပေပတ်လည်ခန်းလေးထဲမှာ လူက လေးယောက် အခန်းကလဲ စက်ရုံအပြင်ဘက်မှာ သီးသန့် မီးချစ်ဘုး လေးလိုဆောက်ထားတာ ။ မျက်နှာကျက်မပါ ပန်ကာမရှိ ညညဆိုခြင်ကကိုက်နဲ့ ချက်ခြင်းပြန်ပြေးချင်စိတ်ကိုပေါက်ရောပဲ ။ နောက်တော့မှ အနားကအရင်ရောက်တဲ့မြန်မာအကိုကြီးတွေနဲ့ ခင်ပြီး   ညညဆိုသူတို့အဆောင်မှာ လိုက်လိုက်အိပ်ကြတယ်                  
 ဆီအုန်းခြံတွေ ၊ ဆောက်လုပ်ရေးသမားတွေကတော့ များသောအားဖြင့်ဒီလို ယာယီအိမ်ကလေးတွေမှာ ဖြစ်သလိုနေကြရတယ် ။

အခန်းကျဉ်းလေးထဲမှာ ဒီလိုပဲ ဖြစ်သလိုအိပ်ကြ နေကြရတယ် ။


      ဒီလိုဒုက္ခရောက်ကြရတာတွေ ၊ အခက်အခဲကြုံကြရတာတွေ၇ဲ့ အဓိကတရားခံက မြန်မာပြည်က ပွဲစား ကောင် ဧဂျင့်ကောင်တွေပါ ။  မက်လုံးတွေပေး ဘာစက်ရုံ ဘာအလုပ် လစာကဘယ်လောက် အထင်ကြီးအောင်လျှောက်ပြော ပြီးရင် လူရပြီးရော မြန်မြန်ရောက် မြန်မြန် ပိုက်ဆံရပြီးရော ဆိုပြီး ရတဲ့ကောလင်းနဲ့ ပို့ချင်တဲ့နေရာကိုပို့တော့တာပဲ ။ သူငယ်ချင်းတယောက် ပြောပြတာဆို ကြားရတာနဲ့တင် ကြက်သီးထတယ် ။ သူ့မြန်မာပြည်က ဧဂျင့်က ပြောတော့ ပုံနှိပ်စက် မှာလုပ်ရမယ်တဲ့ လစာက ဘယ်လောက်ဘယ်လောက်ပေါ့ သူရောက်လာတော့ တောကြီးထဲမှာ ဆီအုန်းခြံအလုပ် ။ နေရတာက ဆီအုန်းခြံထဲမှာ ခြေတံရှည်အိမ်လေးတွေနဲ့ ။ ညနေဆို နေဝင်တာနဲ့ တောဝက်တွေက တကွိကွိတကွကွနဲ့ ထွက်လာကြတယ် ။ နေဝင်တာနဲ့အိမ်အောက်ကိုမဆင်းရဲတော့ဘူး ။ ရူးပေါက်ချင်လဲ ကတော့ပါရဲ့ အိမ်ပေါ်ကနေပေါက်ချ ၊ အီးပါချင်ရင်တောင် ဒီလိုအိမ်ပေါ်ကနေ ပါချမနက်မှကြုံးပြစ်ပေါ့ ။ အဲလိုမှမလုပ်လို့အောက်ဆင်းရင်လဲ တခုခုဖြစ်လို့မှ ဘယ်သူမှလာမကယ်နိုင်တဲ့နေရာ ။ တော်ပါသေးရဲ့ လမင်းတို့ ကံကောင်းလို့ပေါ့ ။
                     တချို့တွေဆိုဒဏ်မခံနှိုင်ကြဘူး ထွက်ပြေးကြတယ် ပြေးတာကလဲ လူခံရှိမှာ မဟုတ်လို့ကတော့ မလွယ်ဘူး ။ မလေးရှားမှာက ခိုးတဲ့ ၊ လုတဲ့လူတွေကလဲပေါမှပေါ ။ ယောင်တောင်တောင် လုပ်လို့ကတော့နာပြီသာမှတ် ။ ဒီလိုမှမလုပ်ပြန်ရင်လဲ လစာလေးကမတောက်တခေါက် လာကတဲက သူများဆီကငွေတိုးချေးပြီး လာခဲ့ရတာ လစာကတာမှန်မှန်မပို့နိုင်တာ မောင်မင်းကြီးသားအတိုးက မှန်မှန်ကြီးတက်နေတာကိုး ။ ဒီတော့မထူးဘူးဆိုပြီး မထူးတွန်းတွန်းရတော့တာပေါ့ ။ ထွက်ပြေး အိုဗာစတေးဘဝနဲ့နေ ကံကောင်းတဲ့လူတွေတော့ကောင်းကြပါရဲ့ ကံမကောင်းရှာတဲ့သူတွေကြတော့လဲ ရဲနဲ့မိ ထောင်ကျ တန်းကျနဲ့ပေါ့ ။ ပြီးရင်လဲထောင်ကလွတ်တာနဲ့ ပြန်လွတ်တာမဟုတ်ဘူး ထိုင်းနယ်စပ်မှာ သွားပြစ်တာရောင်းစားတာ မလေးရဲတွေက  ထိုင်းနယ်စပ်က ပွဲစားတွေလက်ထဲကို ရောက် လူခံရှိလို့ရွေးချင်ရွေး မရွေးနိုင်ရင် အဲပွဲစားတွေက တဆင့်ပြန်ရောင်းစားတာ ။ ရောင်းစားခံရရင်တော့ သေပြီ ပင်လယ်ထဲမှာ ငါးဖမ်းစက်လှေတွေနဲ့ ကမ်းမမြင် လမ်းမမြင် လစာဆိုဝေး မလုပ်နိုင်နိုင်တဲ့လူဆို တခါထဲပင်လယ်ထဲကိုကန်ချတာ ။ လူစိတ်ကိုမရှိတဲ့ဟာတွေ ပွဲစားတွေ သေရင်ခွေးတောင်ဖြစ်မယ့်ကောင်တွေမဟုတ်ဘူး ။ မိန်းကလေးတွေဆို ပိုဆိုးတာပေါ့ အကြွေးကမကြေ လစာကမကောင်း စက်ရုံကထွက်ပြေး ဟိုရောက်ဒီရောက် နောက်ဆုံးတော့ဘဝပျက် ။ အရမ်းရင်နာဖို့ကောင်းပါတယ် ။
အိုဗာစတေး အလုပ်သမားနေအိမ်များကို ဝင်ရောက်စီးနင်း ဖမ်းဆီးစဉ်
        ပြောချင်တာကတော့ မလေးရှားကို မလာနဲ့လို့လဲ မပြောချင်ပါဘူး မြန်မာပြည်မှာလုပ်စားရတာကလဲ မလွယ်ဘူးလေ လာတော့လာပေါ့ ။ သေချာစုံစမ်းပါ အရင်ရောက်ပြီးသား လူတွေပြောတာကို နားထောင်ပါ မေးမြန်းပါ ။ ဒီမှာလူခံရှိရင်တော့ပိုကောင်းတာပေါ့ အဓိကကတော့ ဧဂျင့်တွေကိုမျက်စေ့ မှိတ်မယုံကြပါနဲ့  ကျနော်တွေ့ဖူးတဲ့ ကြားဖူးနားဝရှိတဲ့ ဧဂျင့်တွေက များသောအားဖြင်လိမ်ကြတယ် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လုပ်ကြတယ် ။ မလာခင်  သေချာစုံစမ်းပါ   မေးမြန်းပါ   လေ့လာပါ သေချာပြီဆိုမှလာကြပါ ။
         နိုင်ငံအသီးသီးမှာရှိတဲ့ မြန်မာလူမျိုးတွေ ဘေးရန်းကင်းကြပါစေ .........
    

  လမင်း ညီ

No comments:

Post a Comment